ဂေါ်ဖီလုံးက မျိုးပွားနိုင်စွမ်းကို ကောင်းမွန်စေ
30-Dec-1899
ဂေါ်ဖီလုံးမှာ များစွာပါဝင်တဲ့ ဖောလစ်အက်စစ်တွေက မျိုးပွားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို ကိုယ်ဝန်ပျက်ကျနှုန်းကိုလည်း နည်းပါးစေနိုင်တယ်လို့ ဆိုပါတယ်။ဖောလစ်အက်စစ်ဟာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးမှာ မျိုးပွားနိုင်စွမ်းမြင့်တင်နိုင်ဖို့ အရေးတကြီးလိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဒီဗီတာမင်ဟာ သုတ်ပိုးပမာဏကိုလည်း မြင့်တက်စေပြီး သားအိမ်မြှေးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်တဲ့အတွက်သားအိမ်အတွင်း သုက်ပိုးတွေရဲ့ ရှင်သန်နှုန်း အခွင့်အလမ်းတွေ ပိုများပြားစေတယ်လို့ သိရပါတယ်။
ဂေါ်ဖီလုံးမှာ Diindolylmethane ခေါ်တဲ့ အပင်ထွက် အာဟာရဓာတ်တွေလည်း အများအပြားပါဝင်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ အီစထရဂျင်ဟော်မုန်း ညီညွှတ်မျှတမှုရှိအောင် စုပ်ယူနိုင်ဖို့လည်း ကူညီနိုင်ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး အသားတွေမှာ ပါဝင်တဲ့ ဟော်မုန်း၊ နို့ထွကုန်ပစ္စည်းလိုမျိုး ပတ်ဝန်းကျင်မှ အီစထရိုဂျင်တွေနဲ့လည်း ပူးပေါင်းနိုင်တဲ့ အစွမ်းရှိပြီး ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ဟော်မုန်းတွေကို ဖယ်ရှားနိုငတဲ့အတွက် မျိုးပွားနိုင်စွမ်း ပိုမိုကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဂေါ်ဖီလုံးဟာ ကိုလက်စထရောအဆင့်ကိုလည်း ကျဆင်းစေနိုင်ပြီး ရောင်ရမ်းမှကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သိရပါတယ်။
Credit:
Arogyam magazine, No.258, Junuary 2014, Pg.142
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

